MSC Crewing Services Myanmar (SRPS/PMN/295) ကို ၀၁.၀၉.၂၀၂၂ မှာစတင်တည်ထောင်ခဲ့ပါသည်။
စတင်တည်ထောင်ချိန်မှာတော့ ရုံးဝန်ထမ်း (၈ ဦး) သင်္ဘောအစီးရေ ( ၅ စီး ) မြန်မာသင်္ဘောသား (၁၁၀ ဦး) နဲ့စတင်ခဲ့ပါသည်။
ကျွန်တော်တို့ ရဲ့ ရုံးချုပ်ကြီးကတော့ Cyprus နိူင်ငံမှာရှိပြီး ရုံးခွဲတွေကတော့ Philippine, Ukraine, India, Garnar, တို့မှာရှိပါသည်။
မြန်မာသင်္ဘောသားများနှင့် မြန်မာနိူင်ငံရုံးအဖွဲ့ ဝန်ထမ်းများပူးပေါင်းကြိုးစားမှုကြောင့် ယခု ၂၀၂၅ ခုနှစ်မှာ ရုံးဝန်ထမ်း ( ၂၀ ဦး) မြန်မာလူမျိုးသီးသန့် သင်္ဘောအစီးရေ (၃၀ စီး) နိူင်ငံခြားသားများပါဝင်တဲ့ သင်္ဘောအစီးရေ ( ၅၀ စီး) နှင့် သင်္ဘောသားဦးရေ ( ၁၀၂၄ ) ယောက် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်နေကြပါသည်။
MSC Cruise vessel များအတွက် သင်္ဘောသားဦးရေ (၁၅၀) ယောက် သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေကြပါသည်။ MSC Crewing Services Myanmar ရဲ့ အချိန်တိုင်းကြိုးစားမှုကတော့ မြန်မာသင်္ဘောသားများအတွက် အလုပ်အကိုင်များစွာရရှိရေးအတွက်ပဲဖြစ်ပါသည်။ အခုလို အချိန်တိုအတွင်းမှာ Onboard crew ဦးရေတိုးတက်လာအောင် လိုအပ်တဲ့ အကူအညီများအမြဲပေးနေပါသော DMA / SD နှင့် ဌာနဆိုင်ရာရုံးများမှ ဆရာ ဆရာမများနှင့် ရုံးဝန်ထမ်းများအားလုံးအားကျေးဇူးအထူးတင်ပါသည်၊၊




